ချွေးပေါက်ဘာလို့ကျယ်တာလဲ
- Dr. Suri
- Sep 20, 2019
- 2 min read
Updated: May 24, 2020
ချွေးပေါက်က မရှိမဖြစ်ရှိနေရတဲ့ အရေပြားရဲ့ feature တစ်ခုပါ... ချွေးပေါက်တွေရှိနေတာ အရေပြားအတွက်ကောင်းတာပါ...
သူ့ရဲ့အလုပ်က အဆီထုတ်ပေးခြင်းအားဖြင့် အရေပြားကို နူးညံ့ပြီး စိုပြေစေတာပါ...
လုံးဝကြီးပိတ်သွားအောင် ဘယ်လိုနည်းနဲ့မှ လုပ်လို့မရပါဘူး...
ဒီလိုစဖတ်လိုက်ရလို့ စိတ်ညစ်သွားပြီ ထင်တယ် 😄
အမြင်အားဖြင့် ကျဉ်းသယောင်ထင်ရအောင်တော့ လုပ်လို့ရပါတယ်လေ... 😁
❓ချွေးပေါက်တွေ ဘယ်အချိန်မှာ ပိုထင်ရှားလဲ
❕ချွေးပေါက်တွေဟာ အဆီနဲ့ ပိတ်နေချိန်, infection ဝင်နေချိန်တွေမှာ ပုံမှန်ထက် ပိုထင်ရှားပါတယ်
❓ဘာကြောင့် ချွေးပေါက် ကျယ်ရတာလဲ?
❕မျိုးရိုးဗီဇ, အသက်အရွယ်ကြောင့် အဖြစ်များပါတယ်
❕အရေပြားထူသူတွေ အဆီပြန်တတ်တဲ့သူတွေမှာ ပိုဖြစ်ပါတယ်
❕အသက်ကြီးလာတာနဲ့အမျှ အရေပြားက နေကြောင့် ပျက်စီးလာပြီး အရေပြားတင်းရင်းမှု လျော့လာတာကြောင့်လဲ ချွေးပေါက်ကျယ်လာရပါတယ်
❕ချွေးပေါက်ထဲမှာ ဖုန်, အညစ်အကြေး, ဘက်တီးရီးယား, အဆီတွေ စုလာရင်လဲ ချွေးပေါက်ပိုကျယ်လာစေပါတယ်
❓ဘယ်လိုကာကွယ်လို့ရလဲ?
❕ချွေးပေါက်ကျယ်တာကို လျော့စေတဲ့ နည်းလမ်းကတော့ ချွေးပေါက်ထဲမှာရှိနေတဲ့ အညစ်အကြေး, အဆီ, ဘက်တီးရီးယားတွေကို သေချာ သန့်စင်ပေးခြင်းပါ double cleansing is a must for everyone!
❕Salicylic acid ပါတဲ့ facial foam မျိုး Scrub မျိုး အသုံးပြုခြင်းကလဲ ချွေးပေါက်အတွက်ကောင်းပါတယ်
(ဝက်ခြံသမားတွေကိုတော့ scrub အသုံးမပြုစေချင်ပါဘူး) ‼️
❕တစ်ပတ်ကို နှစ်ကြိမ် လောက် exfoliation လုပ်ပေးလို့ရပါတယ်...
❕Retinol နဲ့ Vit C ပါတဲ့ products တွေကလဲ ချွေးပေါက်အတွက် အထောက်အကူဖြစ်စေပါတယ်
❕Zinc, Magnesium ပါတဲ့ products တွေက အဆီပြန်တာကို ထိန်းပေးတယ်
❕နေကြောင့် အရေပြားပျက်ဆီးတဲ့အတွက် နေလောင်ကာကို SPF အနဲဆုံး 30 ပါတာ သုံးသင့်ပါတယ်
❕ချွေးပေါက်ထဲက အဆီတွေဖယ်ရှားဖို့အတွက် Clay mask သုံးလို့ရပါတယ်...
❕နေ့လည်ပိုင်းအဆီပြန်လာရင် အဆီစုတ်စက္ကူဆောင်ပေးပါ
❕ဒါတွေကလဲ လုံးဝပျောက်သွားစေမယ့် နည်းလမ်းတွေမဟုတ်ပါဘူး... အဆီပြန်တာနဲ့ ချွေးပေါက်ကျယ်တာ အမြဲတွဲနေလို့ပါ
❓ဘယ်လို Treatment တွေလုပ်လို့ရလဲ?
လုပ်လို့ရတယ်ပဲပြောတာနော်... လုံးဝပျောက်မယ် မပြောဘူးနော်... အစမှာ ရေးထားတဲ့ အတိုင်းပဲ 😅
အခုနည်းပညာတွေ တိုးတက်လာတော့ ကျဉ်းသယောင်ဖြစ်အောင် လုပ်လို့ရတဲ့ Aesthetic Treatment တွေရှိလာပါပြီ
1. Chemical Peeling ❕
အသီးကရတဲ့ acid အပျော့စားနဲ့ exfoliation လုပ်ပေးတဲ့ သဘောပါပဲ... ဆဲလ်သေတွေ အညစ်အကြေးတွေဖယ်ရှားပေးပါတယ်
2. IPL Facial Rejuvenation ❕
အသားအရည် ပြောင်ပြောင်တင်းတင်း ကြည်ကြည်လေးဖြစ်စေတဲ့ treatment ပါ
3. Carbon Spectra Laser or BB laser❕
အခုခေတ်စားနေတဲ့ treatment ပါ... တစ်ချို့က BB laser လို့ခေါ်ပါတယ်
ချွေးပေါက်အတွင်းထဲထိသန့်စင်ပေးတဲ့ laser တစ်မျိုးပါ...
4. Fractional CO2 laser❕
Rejuvenation effect တော်တော်ကောင်းပါတယ်...
လုပ်ပြီးရင် ဇကာကွက်လေးတွေလိုမျိုးဖြစ်ပြီး ဆဲလ်နုနုလေးတွေ တက်လာစေပါတယ်
5. PRP သွေးရည်ကြည်ကုထုံး
နောက်ပိုင်းလူကြိုက်များလာတဲ့ treatment ပါ... ကိုယ့်သွေးရည်ကြည်ကိုပဲ ပြန်သုံးပေးပြီး baby skin ဖြစ်စေတဲ့အပြင် ချိုင့်ခွက်တွေလဲ ပြန်ပြည့်စေပါတယ်
အဲ့ဒါတွေ အကြောင်းသိချင်ရင် နောက်မှ ထပ်ရေးပေးမယ်နော် 😅
❓ချွေးပေါက်ကျယ်ခြင်းရဲ့ ကောင်းတဲ့ အချက်များ
❕ချွေးပေါက်ကျယ်တာက အခုအချိန်မှာ စိတ်အနှောက်အယှက် ဖြစ်ရပေမယ့် ကြီးလာရင် ကောင်းတဲ့ အချက်လေးတွေလဲရှိပါတယ်
❕ချွေးပေါက်ကျယ်တဲ့သူအများစုက အဆီပြန်တဲ့ အသားအရည်ပိုင်ရှင်များဖြစ်လို့ အသားခြောက်တာနဲ့ အရေးအကြောင်းဖြစ်တာကိုလျော့နည်းစေပါတယ်
❕ချွေးပေါက်ကျယ်နေလို့ အသက်ကြီးတဲ့ အထိ စိုစိုပြေပြေတင်းတင်းရင်းနဲ့ လှနိုင်မယ်လို့ အားတင်းထားကြရအောင်
(Suri လဲ အဆီပြန်ပြီး ချွေးပေါက်ရှိသူမို့ အဲ့လိုကောင်းကွက်လေးတွေပဲ စဉ်းစားပြီး အားတင်းထားတယ်... 😅
အမှန်တော့ ကိုယ့်ချွေးပေါက်ကို သတိတောင် မထားမိဘူး... ဝက်ခြံ မပေါက်ရင်ကို ကျေနပ်နေတာ... 😁
သူတို့လာလာမေးလို့ မှန်ကြည့်မိတာ... 🤧
ဒါပေမယ့် သိပ်စိတ်ထဲမရှိလိုက်ဘူး... အဲ့ဒါလေးတွေရှိလို့ အသားအရည်စိုတယ်လေ... )
❕နောက်ဆုံးအနေနဲ့ မိတ်ကပ်နဲ့ ဖုံးလို့ရတယ်လို့ပြောချင်ပါတယ်... အကုန်သိပြီးသားဖြစ်မှာပါ
1. Primer ချွေးပေါက်ရှိသူတွေအတွက် မရှိမဖြစ် step
2. Foundation ကို cream type က liquid type ထက်ပို သိပ်သိပ်လေးဖြစ်စေပါတယ်...အဲ့ဒါတော့ makeup သမားတွေ ပိုသိမှာပါ
3. ပြီးရင် powder လေးဖို့လိုက်ရင် ခဏတာအတွက် ok သွားမှာပါ
ချွေးပေါက်လေးတွေကျဉ်းသယောင်ဖြစ်ပြီး လှနိုင်ကြပါစေ
Derm Talks by Dr.Suri
<Unicode>
တစ်နေ့ထဲမှာ ချွေးပေါက်ကျယ်တဲ့ ကိစ္စလေးတွေ သုံးယောက်လောက် လာမေးကြလို့ ရေးမယ်ဆိုပြီး မှတ်ထားတာကြာပါပြီ

<zawgyi>
Kommentare