Acne Do’s & Don’ts
- Dr. Suri
- May 25, 2020
- 1 min read
Maskne (Mask + Acne) လေးတွေ ဖြစ်နေကြပြီလား? ကျွန်မကိုယ်တိုင် 2013/2014 လောက်က Acne ကြောင့် စိတ်ညစ်ခဲ့ရတာပါ... ကိုယ့်ဟာကိုယ်ကုခဲ့တဲ့ ကိုယ်တွေ့ tips တွေပါ ရှောင်ရန် 6 ချက် ဆောင်ရန် 6 ချက် ပြောပေးပါ့မယ်နော် 1. လက်နဲ့ လုံးဝ လုံးဝ မကလိပါနဲ့ ❌❌❌ လက်နဲ့ကလိလိုက်လို့ စိတ်ကျေနပ်သွားတာ ခနပါပဲနော် ဝက်ခြံကတော့ အဆက်မပြတ်ဘူး မပျောက်ဘူးဖြစ်နေပါလိမ့်မယ် 2. ကောင်းနိုးရာရာ Skincare products အသစ်တွေ မစမ်းပါနဲ့ ❌❌❌ သုံးနေကြနဲ့ အဆင်ပြေနေရင် အကောင်းဆုံးပါနော် Online မှာတွေ့တဲ့ ဝက်ခြံပျောက်တယ်ဆိုတာတွေ လျှောက်မသုံးပါနဲ့ 3. နို့နဲ့ နို့ထွက်ပစ္စည်းများလဲ အတတ်နိုင်ဆုံး မထိပါနဲ့ ❌❌❌ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ဝက်ခြံနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိလို့ dermatologist တော်တော်များများက ရှောင်ခိုင်းပါတယ် 4. Scrub မသုံးတာ ပိုကောင်းပါတယ် ❌❌❌ Facial Scrub သုံးတာ တန်ဆေးလွန်ဘေးဖြစ်လို့ ဝက်ခြံသမားအတွက် မကောင်းတာက ပိုများတာကြောင့် အတတ်နိုင်ဆုံးရှောင်ပေးပါ 5. မျက်နှာမသစ်ပဲ ညမအိပ်ပါနဲ့ ❌❌❌ တစ်ရက်တစ်လေပါဆိုပြီး အိပ်ပျော်သွားတာမျိုး လုံးဝမလုပ်ပါနဲ့... Makeup လိမ်းရင် သေချာဖျက်ပါ 1. Makeup remover 2. Facial foam ကတော့ မပါမဖြစ်ပါ 6. မျက်နှာ ခနခန မသစ်ပါနဲ့ ❌❌❌ တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ရင် လုံလောက်ပါတယ်... ခနခနမျက်နှာသစ်တာ အရမ်းအေး အရမ်းနွေးတဲ့ရေသုံးတာတွေက မျက်နှာအရေပြားကို ပိုခြောက်စေပြီး ဝက်ခြံပိုဆိုးစေပါတယ် 1. ရေများများသောက်ပါ ✅✅✅ ရေသောက်တာ အသားရည်ကောင်းစေတာ လူတိုင်းအသိပါနော်... ရေသောက်နဲသူတွေက ph မှာ alarm ပေးလို့ရပါတယ်... ရေအပြင် Junk food မစားပဲ အသီးအနှံများများစားပေးပါ 2. ဖုန်း screen ကို သတိရတိုင်း သန့်ရှင်းပေးပါ ✅✅✅ ခုခေတ်မှာ ဖုန်းတစ်ချိန်လုံးသုံးနေရတာဆိုတော့ alcohol pad လေးနဲ့သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနဲ့... ဖြစ်နိုင်ရင် ဖုန်းကိုပါးနဲ့ကပ်မပြောပဲ နားကြပ်လေးနဲ့ပဲ ပြောပေးပါ 3. မျက်နှာသုတ်ပုဝါသတ်သတ်ထားပါ ✅✅✅ တွေ့ရာပုဝါနဲ့ သုတ်တာမျိုး ခန္ဓာကိုယ်သုတ်တဲ့ပုဝါနဲ့သုတ်တာမျိုးမလုပ်ပဲ သတ်သတ်ခွဲထားပေးပါ... Tissue လောက်နဲ့ သုတ်ပြီး လွှတ်ပစ်လိုက်တာမျိုးလဲရပါတယ် 4. Skincare ပုံမှန်လုပ်ပါ ✅✅✅ Makeup remover ကို မနက်ရောညပါ သုံးပေးပါ... မနက်မှာလဲ တစ်ညလုံးအဆီတွေချွေးတွေထွက်ပါတယ် သန့်ရှင်းပေးဖို့လိုပါတယ်... ပြီးရင် Mild cleanser သုံးပေးပါ... Skincare ကို Non-comedogenic, oil free စတာတွေ ရွေးသုံးပါ အဆီပြန်တာဟာ အသားရေစိုပြေနေတာ မဟုတ်လို့ ရေဓါတ်ဖြည့်ဖို့မမေ့ပါနဲ့ SPF 30 အထက်ရွေးသုံးပါ ဝက်ခြံကြောင့်ကျန်တဲ့ အမာရွတ်လေးတွေ ပိုမထင်းလာအောင်ပါ 5. အိပ်ရေးဝဝ အိပ်ပါ ✅✅✅ အရေပြားအသစ်ပြန်မွေးဖွားဖို့ အချိန်ပေးပါ အတတ်နိုင်ဆုံးစောစောအိပ်ပေးပါ... တစ်နေ့ 7/8 hour အချိန်မှန်မှန်အိပ်ပါ... 6. ဆရာဝန် အကူအညီယူပါ ✅✅✅ နီးစပ်ရာ အရေပြားဆရာဝန်နဲ့ ပြပါ... အရမ်းဆိုးတဲ့ ဝက်ခြံတွေက ကိုယ့်ဟာကိုယ်ကုလို့မရပါဘူး... Acne Treating Journey မှာ လုံးဝစိတ်ဓါတ်မကျပါနဲ့ ကိုယ့်ရဲ့ နေ့စဉ်အမူအကျင့်လေးတွေနဲ့ပဲ ဝက်ခြံကုလို့ရပါတယ်... ဆေးခန်းမှာ အမြဲမှာနေတဲ့ အချက်လေးတွေကို စုပေးထားပါတယ်... လိုမယ်ထင်တာလေးတွေ update လုပ်ပေးသွားပါ့မယ် Dr. Suri #DermTalksByDrSuri #Acne #DosAndDonts
Comments