Monsoon Skin Problems
- Dr. Suri
- Jun 6, 2020
- 1 min read
မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြသနာများနဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ tips လေးတွေ ပြောပြပေးသွားပါ့မယ် 🌧🌧🌧
Eczema (နှင်းခူ)
ဒီအရေပြား ပြသနာရှိသူတွေဟာ အရေပြားရဲ့ကာကွယ်မှု (skin barrier) မကောင်းကြသူတွေပါ
အပြင်လေထုရဲ့ စိုထိုင်းမှု နဲ့ အပူချိန်အပြောင်းအလဲတွေက ပျက်ဆီးနေတဲ့အရေပြားကို ပိုထိခိုက်စေပါတယ်
အရေပြားပိုခြောက်လာမယ်၊ နီရဲ၊ ယားယံ၊ အရေကြည်ဖုထတာမျိုးတွေဖြစ်ပါတယ်
Scabies (ဝဲ)
မိုးတွင်းမှာ ညစ်ပတ်တဲ့ရေတွေနဲ့ တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ထိမိမှာပဲနော်
ရေကတစ်ဆင့်ကူးဆက်တတ်တဲ့ အရေပြားရောဂါတွေ အဖြစ်များပါတယ်
မျက်လုံးနဲ့ မမြင်ရတဲ့ ကပ်ပါးပိုးကောင်ကြောင့် အရမ်းတွေယား၊ အင်ပြင်တွေထပြီး အရမ်းနေရခက်ပါတယ်။
တစ်အိမ်လုံးကူးဆက်တတ်လို့ သတိထားရမယ့် ရောဂါလဲဖြစ်ပါတယ်။
Athletes foot (သဲဝဲ)
ဝဲလိုပဲ ကူးဆက်နိုင်တဲ့ နောက်တစ်မျိုးပါ
ခြေဗလာနဲ့ public places တွေဖြစ်တဲ့ gym shower, pools စတာတွေသွားတတ်သူတွေမှာဖြစ်တတ်ပါတယ်
ခြေချောင်းလေးတွေကြားနဲ့ ခြေဖဝါးမှာ ဖြစ်တတ်ပါတယ်
အရမ်းယားပြီး အနံ့ဆိုးရှိတတ်ပါတယ်
Ringworm (ပွေး)
ပုံစံကတော့ နီနီ အဝိုင်းလေးတွေပါ သူလဲ ယားမယ် နေရာအစုံမှာဖြစ်နိုင်ပြီး တစ်ကိုယ်လုံးကို ပျံ့နိုင်ပါတယ်
Ringworm က ဖြစ်တဲ့နေရာကိုလိုက်ပြီး နာမည်တွေပြောင်းသွားတာပါ
လူအချင်းချင်းကနေသာမက တိရစ္ဆာန်များမှတစ်ဆင့်လဲ ကူးဆင့်နိုင်ပါတယ်
Folliculitis (မွေးကျွတ်နာ)
အမွှေးအိတ်ကို မှိုနဲ့ ဘက်တီးရီးယားပိုး ဝင်တာပါ
ဝက်ခြံနဲ့မှားတတ်ပြီး ပြည်ဖြစ်ပြီး ပေါက်သွားတတ်ပါတယ်။
ပိုးဝင် ယောင်ယမ်းတာဖြစ်လို့ နာပါတယ်
ချွေးအထွက်များ စိုထိုင်းမှုများတာကြောင့် ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ် အနှံ့ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်တာတွေ ပြောပြီးတော့ ကာကွယ်မယ့် tips လေးတွေ ပြောပါ့မယ် ✅✅✅
✅ပေါ့ပေါ့ပါးပါး ချွေးစုပ်တဲ့ ချည်သားမျိုး ရွေးဝတ်ပါ
✅လက်ဝတ်လက်စားအတုတွေမှာပါတဲ့ metal နဲ့ မတည့်တာမျိုးဖြစ်တတ်လို့ အတတ်နိုင်ဆုံး ရှောင်ပါ
✅ခြေဗလာနဲ့ လျှောက်မသွားပါနဲ့၊ ကိုယ့်အိမ်က ရေချိုးခန်းမှာပါ ဖိနပ်စီးပါ
✅ဖိနပ်အပိတ်တွေ ခြေအိတ်တွေ ဝတ်ရင် စိုထိုင်းမှုမရှိစေရန် ပိတ်လှောင်မှုမရှိစေရန် သတိပြုပါ
✅ရေချိုးဆပ်ပြာကို antibacterial soap သုံးပါ
✅မျက်နှာသုတ်ပုဝါ၊ ခြေအိတ်၊ အတွင်းခံစသည်ကို သူများနဲ့ မျှဝေမသုံးစွဲပါနဲ့
✅အပြင်မှ ပြန်ရောက်တိုင်း ခြေလက်သန့်စင်ပါ
✅ရေချိုးပြီးရင်လဲ ခြေချောင်းကြား၊ ချိုင်းကြား၊ တံခေါက်ကွေးကြား၊ တင်ပါးကြားများကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ
မိုးရေထဲမှာ လှနိုင်ကြပါစေ 🌧🌧🌧
Dr.Suri
Laser Care Clinic
コメント