Coping with New Normal! How to take care of skin under your mask! 😷
- Dr. Suri
- May 24, 2020
- 1 min read
Mask အမြဲတပ်ခြင်းကြောင့် အရေပြားထိခိုက်မှု ရှိနိုင်လား? -Mask ထဲမှာ ရေငွေ့တွေ ပါးစပ်ကထွက်တဲ့ အမှုန် အရည်တွေ ပိတ်မိနေတတ်လို့ ဝက်ခြံပိုဖြစ်တတ်ပါတယ် -Perioral Dermatitis လို့ခေါ်တဲ့ ပါးစပ်ပတ်လည် အရေပြားယားယံမှုတွေ ဖြစ်နိုင်ပါတယ် -Mask အဟောင်းများ နဲ့ သေချာပြန်လည်ပိုးသတ်မထားသော အဝတ် mask များ တပ်ခြင်းဖြင့် bacteria နဲ့ fungal infection များ ဝင်နိုင်ခြင်း -Mask သံချောင်းရှိသော နှာရိုးနေရာတွင် ဖိရာထင်ခြင်း အနာဖြစ်ခြင်း Mask တပ်ခြင်း အလေ့က နောက်နှစ်လောက်ထိဖြစ်နိုင်တာဆိုတော့ Mask တပ်ရုံတင်မဟုတ်ပဲ Mask တပ်လျှင် ဂရုစိုက်ရမယ့် အရေပြားဆိုင်ရာ အချက်များကို မျှဝေလိုက်ပါတယ် 1. Mask မတပ်ခင် မျက်နှာသစ်ဆေး အပျော့စားမျိုး သုံးပေးပါ Gentle Cleanser သုံးပြီး Mask မတပ်ခင် အဆီတွေ အညစ်အကြေးတွေကို ဖယ်ပေးတာပါ ရေပူပူကြီး မသုံးပါနဲ့ ရေကြက်သီးနွေးလောက်သုံးလို့ရပါတယ် မျက်နှာသစ်ပြီးရင်လဲ အဝတ်နဲ့ ကြမ်းကြမ်း မပွတ်ပဲ ရွရွလေး သုတ်ပေးပါ 2. Moisturizer အောက်ခံသုံးပေးဖို့ မမေ့ပါနဲ့ Cream type moisturizer လေးသုံးပေးပါ... လိမ်းပြီးရင်လဲ အရေပြားထဲ စိမ့်ဝင်ဖို့ ခနအချိန်ပေးပါ အစိုဓါတ်ထိန်းပေးနိုင်တဲ့ Ceramide, Glycerin, Niacinamide (Vit B3) ပါတာမျိုးရှာသုံးပါ Ceramide က အုတ်ကြားက ဘိလပ်မြေလိုမျိုး အရေပြားဆဲလ်တွေကို ဆွဲကပ်ပေးပြီး အကာအကွယ် လုပ်ပေးပါတယ် 3. Makeup မလိမ်းပါနဲ့ မိတ်ကပ်အရမ်းလိမ်းချင်ရင် မျက်လုံးတစ်ဝိုက်ပဲလိမ်းပါ ချွေးပေါက်တွေကို ခနအနားပေးပါဦး 4. Mask က မျက်နှာနဲ့ ကွက်တိကျပါစေ Mask က အရမ်းရွေ့နေရင် မျက်နှာကို ပွတ်မိမယ်... ခနခန ကိုင်ပြီး နေရာချနေရင် ရောဂါအတွက်လဲ အကာအကွယ်မရပါ N95 လို mask မျိုးတပ်ထားရင် နှာရိုးပေါ်နဲ့ contact point နေရာတွေမှာ Vaseline လေးအောက်ခံလိမ်းပေးပါ 5. Mask ချွတ်ပြီးချိန် မျက်နှာသစ်ပါ လက်အရင်ဆေးပါ ပြီးမှ မျက်နှာသစ်ပါ... mask ချွတ်ချိန်မှာ mask ရဲ့ အရှေ့ကိုမထိမိဖို့ သတိပြုပါ 6. Retinol ပါတာသုံးနေရင် ခနရပ်ထားပါ အရေးအကြောင်းတွေအတွက် ကောင်းတဲ့ retinol ပါသော anti aging products များကို ခနရပ်ပေးပါ... mask ကြောင့် irritation ဖြစ်နိုင်ချေပိုများစေလို့ပါ 7. ညဖက်မှာလဲ skincare ဖို့ မမေ့ပါနဲ့ Calming ဖြစ်စေတဲ့ Aloe Vera လိုမျိုးပါတဲ့ product တွေ သုံးပေးပါ... alcohol ပါတဲ့ toner မျိုးတော့ ရှောင်ပေးပါ 8. ဝက်ခြံသမားတွေလဲ ဝက်ခြံနဲ့ဆိုင်တဲ့ product တွေ ဆက်သုံးပါ ဝက်ခြံအရမ်းမဆိုးလာခင် ကုသမှုခံယူပါ... acne products တွေ သုံးပြီးတိုင်း light moisturizer တစ်မျိုး သုံးပေးပါ #DermTalksbyDrSuri #Maskne
Comments